Post Reward နှင့် လေးစားစရာ ရွှေမြန်မာ

in myanmar •  last year 

မင်္ဂလာပါ...
မင်္ဂလာပါ ဆိုတာ အဆိုးတွေ ကင်းပျောက် အကောင်းတွေ
ရောက်ဖို့
နှုတ်ခွန်းဆက် စကားလေးပါ။
ဘယ်လိုအနေအထားမျိုး၊ အဖြစ်အပျက်မျိုးမှာ မဆို
မင်္ဂလာရှိစေဖို့ မင်္ဂလာနှုတ်ခွန်းတော့ ဆက်နေမိပါတယ်။
သို့သော်.................

ဟုတ်ကဲ့... မင်္ဂလာပါဗျာ
မနေ့ကတော့ အာဂလူသား ရွှေမြန်မာများ
ဆိုပြီး ဇွဲခတ်ကြိုးပမ်း စာရေး ပို့စ်တင်နေကြတဲ့ Myanmar
Steemians တွေ အခြေအနေကို လေ့လာကြည့်ရင်း
ဂုဏ်ယူစကား ပြောခဲ့မိပါရဲ့.......

ဒီနေ့တော့လည်း အဲဒါနဲ့ အဆက်ပဲ ထားပါတော့ဗျာ။
Steemit platform ပေါ် လျှောက်လှမ်းနေကြတဲ့
ရွှေမြန်မာတွေရဲ့ပို့စ်တွေ လိုက်ကြည့်မိပြန်တော့...
အားပါးပါး... ရလိုက်တဲ့ Reward Steem Token Unit
တွေ... အားပါးပါး ဆိုလို့ များလှချည် မထင်လိုက်ပါနဲ့ ။

ကျုပ်တို့ ရွှေမြန်မာတွေခမြာလေ...
#eSteem app ကို အသုံးပြု စာရေးတင်ကြသူတွေကတော့
Follower ပမာဏအရ Vote Value လေး 0.05 ကနေ 0.8 stu အများဆုံးထိ တတ်ကြပါတယ်။
#Partiko app အသုံးပြု ရလဒ် Point ပမာဏပေါ်
မူတည်ပြီးလည်း stu လေးတွေ တတ်ကြပါတယ်။
#dlike share ရာကနေလည်း 0.2 နီးပါး တတ်ကြပါတယ်။
#share2steem twitter feed ကနေလည်း
0.1 stu ကျော်လောက် တတ်ကြပါတယ်။
#actifit ကနေလည်း upvote ရကြတာ ရှိပါတယ်။
#Steempress ကနေလည်း upvote ရကြတာ ရှိပါတယ်။
#NextColony game tag ကနေလည်း
STU ကောင်းကောင်းလေး တတ်ကြပါတယ်။ ကောင်းကောင်းလေး ဆိုလို့ 1$ ကျော်တဲ့ ပို့စ်ကတော့
ရှာမှရှားပါပဲ။
ကျွန်တော်တို့ MSC အဖွဲ့တော်သားများကြတော့လည်း
Promotion လေး ရှိနေသေးတော့ 0.6$ stu လောက်
တတ်ကြပါတယ်။

အထက်ပါ နိုင်ငံခြား Project သို့မဟုတ် App သို့မဟုတ်
Game သို့မဟုတ် Community promotion စသည်တို့ရဲ့ Upvote တွေသာ မရရှိကြဘူးဆိုရင်...
ရွှေမြန်မာတို့ရဲ့ ပို့စ်လေးတွေက 0.1 $ stu တတ်ဖို့တောင်
မလွယ်ကြသလို တတ်လည်းမတတ်ကြပါဘူး။

0.1$ stu ဆိုတာကလည်း reward ခွဲလိုက်ရင်...
0.08 author and 0.02 curator ဆိုတော့ကာ...
SP and SBD ခွဲမနေတော့ပါဘူး... 0.08 ကို
Steem ဈေးနဲ့ မြှောက်၊ မြန်မာငွေလဲနှုန်းနဲ့ တွက်ကြည့်
လိုက်တော့ mmk 45 ကျပ်လောက်တော့ ရပါမယ်။

ကဲ...အားပါးပါး ပို့စ်တစ်ခု 45 ကျပ်...
Phone Bill ဖိုး ကာမိပါမလားဗျ...
ပို့စ်တင်ဖို့ အားစိုက်ရတာတွေ၊ အချိန်တွေကိုတော့
ထည့်မပြောတော့ပါဘူး...
ဟ! ဒါဆို ဘာလို့ ပို့စ်တင်နေသေးလဲကွာ...
ဝါသနာအရ ဟု ဆိုကြဦးမလား...
တစ်ကယ်ကတော့ #အိပ်မက်တစ်ခု ရှိနေကြလို့ပဲ ဖြစ်မှာပါ။

ဒီတော့လည်း... ကြံဖန်ဂုဏ်ယူလိုက်ပါဦးမယ်...
လေးစားစရာ အလွန်ကောင်းလှတဲ့ ရွှေမြန်မာတွေပါဗျာ...
Congratulations Myanmar Steemians!

လူဆိုတာ အိပ်မက်တစ်ခုတော့ ရှိနေမှ ဘဝအဓိပ္ပါယ် ရှိတာဗျ။
အိပ်မက်မရှိကြတဲ့ မြန်မာတွေက အများသားမလား.....

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193

@golden.future

Posted using Partiko Android

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thank you so much for being an awesome Partiko user! You have received a 33.05% upvote from us for your 5059 Partiko Points! Together, let's change the world!

Thank so much for vote

Posted using Partiko Android

ဒီလိုနဲ့. ကိုဟိန်းက မြှောက်လိုက် ကျွန်တော်တို့က
ရေးလိုက်ပေါ့ 😁

အမှန်တရားတွေပါဂျ

Posted using Partiko Android

စာရေးနေတဲ့သူတွေကို အားတက်အောင် ဒီလိုရှာဖွေပြီး ဂုဏ်ယူပေးတာ အရမ်းနှစ်သက်စရာကောင်းပြီး ပီတိဖြစ်စေပါတယ်အစ်ကို။အားလုံးအတွက်လည်း ဂုဏ်ယူမိပါတယ်ခင်ဗျာ။

တကယ်လည်း လေးစားစရာတွေ့မိလို့ပါဗျာ

Posted using Partiko Android

ဒီလို အား​ပေး​နေသူရှ်ိ​တော့ ​ရေးရကြိုးနပ်​တာ​ပေါ့ဗျာ 😁😁

Posted using Partiko Android

အိပ်မက်တူသူတွေပဲ မဟုတ်လားဗျာ

Posted using Partiko Android

အားပေးကြမ်းတယ်နော်

ချရမယ်လေဗျာ

Posted using Partiko Android

အားပေးတဲ့ post လ်ု့ သတ်မှတ်လိုက် သည်

အားရှိသွားရင် ဝမ်းသာပါတယ်ဗျာ

Posted using Partiko Android

အိပ်မက်မက်နေတာလား ယောင်ပီးလမ်းလျှောက်နေတာလားဟ

ယောင်တောင်ပေါင်တောင်ကြောင်တောင်တောင်

Posted using Partiko Android